သူငယ်ချင်း
ဟိုး....တုံးက အချိန်တွေကို ပြန်ပြီးတမ်းတမိပါတယ်
ငါတို့တွေ အရမ်းပျော်ခဲ့ကြတယ်
စိတ်ညစ်စရာရှိရင်လည်း အတူတူမျှဝေခံစားပေးခဲ့ကြတယ်
ဒီလိုနဲ့ပဲ အချိန်တွေဟာ ကုန်မှန်းမသိကုန်ခဲ့ကြတယ်
တစ်ချိန်ချိန်မှာ ခွဲသွားရမှာပါလားဆိုတဲ့ အတွေးတွေမရှိခဲ့ကြဘူး
ဒါပေမဲ့ အချိန်ဆိုတာက ကုန်လာတဲ့အရာဆိုတော့
ငါတို့သူငယ်ချင်းတွေဟာလည်း ခွဲရမဲ့အချိန်နီးသွားတာပေါ့
စာမေးပွဲကြီးကဖြေရတော့မယ်
စာတွေကိုကိုယ်ရဲ့ရည်မှန်းချက်ကိုယ်စီနဲ့ ကြိုးစားကြတယ်
သူငယ်ချင်းတွေရဲ့အချစ်တွေကလည်း ပိုပိုတိုးလာကြတယ်လေ
စာမေးပွဲကြီးပြီးသွားတော့ ငါတို့သူငယ်ချင်းတွေဟာ
မခွဲချင်ပေမဲ့လည်း ခွဲခဲ့ရတယ်
အခုတော့ သက်ဆိုင်ရာအလုပ်တွေကိုယ်စီနဲ့ အဝေးတစ်နေရာစီမှာ
ရှင်သန်လှုပ်ရှားနေကြပြီ
ဘယ်လိုပဲဝေးကွာခဲ့ပါစေ ငါတို့သူငယ်ချင်းတွေ အစဉ်သတိယနေမယ်ဆိုရင်
ကြေနပ်ပါတယ်
ဖြူစင်သန့်ရှင်းစွာ အပြစ်ကင်းမဲ့စွာနဲ့ခင်ခဲ့ကြတဲ့သူငယ်ချင်းများ အားလုံးအဆင်ပြေနိုင်ပါစေ
အမှတ်တရ အလွမ်း
No comments:
Post a Comment